Events
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2025-03-22 15:16:44
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်၊ ဟွိုင်ဟမြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲကို ဟူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ဟွိုင်ဟမြို့နယ်အစိုးရတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ပြပွဲ၏ခေါင်းစဉ်မှာ “Share Opportunities to Deliver the Future” ဖြစ်ပြီး တရုတ်နိုင်ငံရှိ RCEP နိုင်ငံများ၏ သံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် RCEP နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း၊ မြန်မာနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးနှင့် မြန်မာနိုင်ငံမှထွက်ကုန်ပစ္စည်းများ ပါဝင်ပြသရန် ၁၀၈ စတုရန်းမီတာ အကျယ်ရှိသည့် ပြခန်းဆောင်တစ်ခုကို အခမဲ့စီစဉ်ပေးမည်ဖြစ်သည်။
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲသို့ တက်ရောက်မည့် မြန်မာလုပ်ငန်းရှင်များအတွက် ၃ ညအိပ် ၄ ရက်စာ တည်းခိုနေထိုင်ရေး (ကုမ္ပဏီတစ်ခုလျှင် အခန်း တစ်ခန်း) နှင့် ဟိုတယ်မှ ပြပွဲသို့ အကြို့/အပို့များကို ပြပွဲကျင်းပရေးကော်မတီက စီစဉ်ပေးမည်ဖြစ်ပါကြောင်းနှင့် ပါဝင်ပြသမည့်လုပ်ငန်းရှင်များ၏ Exhibitor Registration Form ကို ၃၁-၃-၂၀၂၅ ရက်နေ့မတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
The 2nd Hunan (huaihua)RCEP Economic and Trade Expo ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026